မုန်လာဥနီသည် ဟင်းသီးဟင်းရွက်အမျိုးအစားများအနက် တစ်မျိုးဖြစ်ပါသည်။ မုန်လာဥနီ၏အရောင်မှာ အနီရောင်ဖြစ်ပြီး အရသာမှာ ချိုပါသည်။ မုန်လာဥနီကို တို့စရာအဖြစ်လည်းကောင်း၊ ကြော်စားခြင်းနှင့် သုပ်စားခြင်းအပြင် ဖျော်ရည်အဖြစ်လည်းကောင်း အမျိုးမျိုး ပြုလုပ်စားသုံးနိုင်ပါသည်။ မုန်လာဥနီတွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကိုမဖြစ်စေဘဲ ဝမ်းမှန်စေပါသည်။ ထို့ကြောင့် အူမကြီးကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါသည်။ မုန်လာဥနီကို မကြာခဏ ပုံမှန်စားသုံးပါက သွေးတွင်းကိုလက်စထရောကို လျော့နည်းလာစေနိုင်ပါသည်။ ထို့ကြောင့် အဆီများ၍ နှလုံးသွေးကြောကျဥ်းခြင်း၊ အသည်းအဆီဖုံးခြင်းဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပါသည်။ သွေးတိုးရောဂါရှိသူများနှင့် သွေးအားနည်းရောဂါရှိသူများ ပို၍စားသုံးသင့်ပါသည်။
မုန်လာဥနီကို များများစားသုံးပေးသင့်ပါသည်။ ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်သောကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး အအေးမိခြင်း၊ ရောဂါပိုးအလွယ်တကူဝင်ရောက်ခြင်းများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မုန်လာဥနီ (၁၀) ကျပ်သားလျှင် (၁၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
source: https://www.doca.gov.mm
မုန်လာဥနီဈေးနှုန်းဈေးကွက်
Category:
Local News